အစိမ်းရောင်မြစ်သို့တမ်းချင်း

စိမ်းညို့ကွေ့ကောက်သော မြစ်များမှ အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို တွေ့သောအခါ ငါ့နှလုံးသားကို သတိရပါလေ။ ဒိုင်ယာရီကြား ကူးယူရေးမှတ်ထားခဲ့တဲ့ ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ အခုတော့… မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။ သူ့ကျောပေါ်က စီးဆင်းသွားတဲ့ ရေအလျဉ်တိုင်းဟာ သူ့မျက်ရည်တွေပါပဲလို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျင်တော့ မြစ်တစ်မြစ်ဆိုတာ ကျိန်စာသင့်တဲ့နေ့တွေကိုပဲ သူပျော်ရွှင်လိမ့်မယ်။ အားနာစရာ မလိုပါဘူးကွယ် မင်းလှော်ခတ်ဖူးခဲ့တဲ့ ငါ့နှလုံးသားရာဇ၀င်မြစ်ကျဉ်းတစ်လျှောက် အငွေ့ပျံမှုတွေနဲ့ သွေ့ခြောက်ခဲ့ပြီမဟုတ်လား။ အချည်းနှီးတောင်တန်းတွေဆီ အထီးတည်းထွက်ခွါသွားရတဲ့အခါ ငါ ဖြေသိမ့်နိုင်စရာတစ်စုံတစ်ရာ မင်းဆီပါခဲ့ပြီမို့ အားနာစရာ မလိုပါဘူးကွယ်။ တို့ နှစ်ယောက် ဗာဒံရိပ်ကလေးဝေပြီး၊ လူသူရှင်းတဲ့ ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့ လူးလွင့်နေတဲ့ တံလျပ်တွေကို ငေးကြည့်ရင်း တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ နာရီတွေ လောင်ကျွမ်းခဲ့ရဲ့။ ငါ့မှာ တစ်စုံတစ်ရာ အကောင်းစား စိတ်ကူးစိတ်သန်းတွေ […]

Read More အစိမ်းရောင်မြစ်သို့တမ်းချင်း

ကျန်ရစ်သူအတွေး

သူသွားတော့မည် ပွေ့ချော့ထွေးလည်း ၊ ဝမ်းနည်းရုံမျှ မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး ပြန်လာပါဦး ၊ ခွဲချင်ဘူးကွယ် မူးယစ်ဝေည ၊ မွှေးထုံသဆဲ ခဏတွေ့မော ၊ ရင်ခုန်ရောယှက် ပြောချင်စကား ၊ မေးခွန်းများစွာ မေ့ကာထားပြီး ၊ ပြန်ချိန်နီးမှ ငိုညည်းတစ်ဝက် ၊ မမှီလက်ကမ်း နှုတ်ဆက်ဝိုးဝါး ၊ ပြေးထွက်သွားမှ တံခါးရပ်မှီ ငေးခဲ့ပြီ ။ သူချန်ရစ်သော မူးယစ်ဝေည ၊ မွှေးထုံမြခဲ့ အလှမပီ ၊ နွမ်းလျသီသော နှင်းဆီဝါဝါ ၊ ငုံပြေအာစ ရင်မှာချွေးလွင့် ၊ ပွင့်ဖတ်နုကို ယုယခုပင် ၊ စုဆောင်းကောက်ယူ နမ်းရှိုက်ရှူမွှေး ၊ သူလာခဲ့သော လွမ်းပုံပြောသည် ၊ စိတ်မောသက်သေ ။ သူ့စကားမူ […]

Read More ကျန်ရစ်သူအတွေး

မင်းနွေဦးရာသီမှာမင်းလာမယ်ဆိုရင်

မြတ်မင်းခန့် မင်းနွေဦးရာသီမှာမင်းလာမယ်ဆိုရင် အိမ်ရှင်မတစ်ယောက် ယင်ခေါင်ကိုမောင်းသလို တစ်ဝက်ပြုံးတစ်ဝက် ငြင်းတဲ့ နွေရာသီနဲ့ ကြိုမယ်။ မင်းကိုငါ တစ်နှစ်တည်းမှာပဲမြင်နိုင်ရင် ဂရုမစိုက်ဘဲ လေချွန်မိမှာပ ပြီးတော့ အံဆွဲတစ်ခုစီမှာထည့်ပြီး သူ့တို့အချိန်ကျတဲ့အထိပ။ တစ်ရာစုတွေလောက် နောက်ကျတယ်ဆိုရင်တောင် ငါရဲ့ လက်ထဲမှာရေတွက်မိမှာပဲ ဗန်ဒိုင်မန် ကျွန်းမှာ ငါ့ရဲ့လက်ချောင်းတွေပျက်ကျအောင်ပ။ ဒီဘ၀တွေကုန်သွားပြီဆိုရင် မင်းရဲ့စိတ်တွေလည်းဖြစ်နိုင်တယ် အခွန်မာသီးတွေ ဟိုဒီပစ်ပေးသလို ဘ၀ကိုလည်းပစ်ပေး နောက်ဘ၀တွေကို ငါမြည်းစမ်းကြည့်မယ်…။ ဒါပေမယ့် ရှေလျားတဲ့ ဂရုမစိုက်မှုတွေဟာ မသေချာတဲ့ တောင်ပံတွေရဲ့ ခတ်ချိန်ပဲ၊ မင်စာလေးလိုငါ့ကိုနှင်လေရဲ့ အဆိတ်လူးတဲ့ဆူးကိုမဖော်ပြဘဲ။         ။ If You Were Coming In The Fall by Emily  Dickinson If you were coming in the fall […]

Read More မင်းနွေဦးရာသီမှာမင်းလာမယ်ဆိုရင်

ကိုက်လမ်း

ငါဟာ ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ နေ့စဉ် နေ့စဉ် ငါ့ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း သစ်ပင်မြက်ပင်လေးတွေ ကိုက်ကိုက်ပြီး ငါထွက်လာခဲ့မြဲ ခု… လူနဲ့ခွေးများ တောခြောက်ကြ အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ ပိုက်ထဲ… ငါ့သစ္စာတရားဟာ ငါ့အသက်ကိုယူသွားကြပေါ့။ ။ မောင်ချောနွယ်။ ခွင့်ပြုချက်မတောင်းနိုင်တော့ဘဲ ခွင့်ပြုချက်ရပြန်ဖော်ပြသော မြန်မာကဗျာများဆိုတဲ့ Category အောက်မှာထည့်ရတာ မလုံဘူးဗျာ။ ဆရာ့မိသားစုကို ခွင့်ပြုပေးပါရန်တောင်းပန်လိုက်ပါသည်။

Read More ကိုက်လမ်း

To where my feet bring me

Please lead me to a place: The miseries are slow. Unsure the existence of such a space. Am I healing only the symptoms? How about the very real causes of the disease? In these seasons; Attempts fastening the sliced piece of cake unto the loaf. Wishing the best unendingly journey to the future Every second […]

Read More To where my feet bring me

ဂန္တဝင်တေး

နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းဟစ်ကြွေးခဲ့ရ ဒီစာသား ဒီသံစဉ် စီးဆင်းမှုအားကောင်းခဲ့… ကဲ သား ဆိုကြည့်စမ်း သီချင်းက မင်းလက်ထဲမှာ…။ အောင်ဘညို Beauty၊ ဇူလိုင်၊ ၂၀၀၉

Read More ဂန္တဝင်တေး

စားတော်ငှက်

အလံရှူးနဲ့ ဖဲသုံးချပ်သမားနှယ် လက်ခုပ်တီးတာ ၀ိတ်တာတွေပါ မထင်ရင် မထင်သလို ကကျိုးကကြောင် နိုင်လွန်း စက်ကိုင်ငနဲလည်း လှမ်းချက်ရသေး။ ဟဲသာနေရတယ် စိတ်ထဲက မဖြောင့်ပါဘူး ဘယ်သူ တက်လာမလဲ ခေါင်းတလည်လည် မျက်လုံးလေး တ၀င့်ဝင့်။ ဟန်းဖုန်း မကိုင်နိုင်သေးတော့လည်း ပန်းကုံးတွေပဲ မျှော်နေ ရတာပေါ့ရှင်။ လူအိမ် ဇွန်လ ၊၂၀၁၀၊ အလင်္ကာဝတ်ရည်မဂ္ဂဇင်း

Read More စားတော်ငှက်

စစ်ပြီးခေတ်

ကမ္ဘာကြီးက ကဗျာဆရာတစ်ယောက် ရောက်လာဖို့ အမြဲတမ်း စောင့်နေတယ် ကမ္ဘာကျော် ပန်းပုဆရာ ရိုဒင်ရဲ့ “သရီးဒိုင်မေးရှင်း” လို အနုပညာ အရ ငါ ငြိမ်သက်နေတယ် ဆေးပညာ အရ ငါ ပင်ပန်းနေတယ် လောကဓံအရ ငါ ဒေါသထွက်နေတယ် ရက်စက်တဲ့ မာန်နတ် မပြည့်စုံတဲ့ သူတော်စင် တချို့ကဆိုရင် သူတို့ နားမလည်တာကို ကြောက်ကြတယ် မိုးရွာမလား နေသာမလား ရာသီဥတုက ဘာမှန်းမသိ အထင်ကရ စစ်ပွဲကြီး ဆိုတာကလည်း နောက်ဆုံးတော့ ပြီးသွားတာပါပဲ။ 0င်းမောင် Heart မဂ္ဂဇင်း၊ ဇူလိုင် ၂၀၁၀

Read More စစ်ပြီးခေတ်

ပျော်တော့မယ့်လေရယ်

မိုးနဲ့လာခဲ့ပါ။ ကိုအာကျယ်တောင်လေမုန်တိုင်း အဆိုတော်တွေ၊အသိုက်ဆေက်မယ့်သူတွေ လောင်နေတဲ့ပန်းပွင့်တွေကို အိမ်မက်တွေကမ်းလိုက်ကြ ရေခဲစန်းချောင်းလေးတွေမှာ အခြေချတော့ ရေခဲပြင်အောက်က မြေညိုလေးတွေကိုရှာပေါ့ ဒါပေမယ့်မင်းဒီနေ့ညဘာလုပ်လုပ် ငါ့ရဲ့ပြတင်းပေါက်တွေကို ရေချိုးပေးပြီး ရေတွေလည်းစီးဆင်းစေပါလေ့ ရေခဲတွေလို အရည်ပျော်သွားပစေပြတင်းမှန်တွေကို ပျော်ကျပြီး ဘောင်တွေကိုတော့ ချန်ထားခဲ့ တပသီခေါင်းပေါ် လက်ဝါးကပ်တိုင်ထားသလို နံရံပေါ်က ဓာတ်ပုံကိုလည်းလေမှလွှဲ အလွန်ကောင်းတဲ့စာမျက်နှာတွေကိုကျော်လွန်ခဲ့ပ ကဗျာဆရာကိုလည်းမောင်းထုတ်လေကွယ်။        ။ To The Thawing Wind Come with rain. O loud Southwester! Bring the singer, bring the nester; Give the buried flower a dream; make the settled snowbank steam; Find the […]

Read More ပျော်တော့မယ့်လေရယ်

စကားလုံးများနဲ့ပေးစာ

ကဗျာတွေကို ရင်ထဲရောက်အောင် မဖွဲ့တတ် အရာရာကိုတော့ ရင်ထဲမှာခံစားတာပဲ သူ့အတွက်၊ ကိုယ့်အတွက် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် “ကျေးဇူးပဲ” ဆိုတာတွေက ရင်ဘတ်ထဲမှာ မပါသလိုပ “Sorry, Sorry” အဲဒီစကားတွေက လူတွင်ကျယ်လုပ်လှပြီလား စိတ်ထဲမှာ “၀မ်းနည်းပါတယ်ဗျာ” လောက် အသက်မပါဘူးထင်ရဲ့။ အခုကစပြီး တွင်တွင်ကျယ်ကျယ်အသုံဲးပြုနေတဲ့ စကားလေးတစ်ခွန်းကို မပျက်မဆီးပဲ လေးလေးနက်နက် စိတ်ထဲကကဗျာနဲ့ထပ်တူတိုင်တယ်လိုက်ပါရဲ့။ လူတစ်ယောက်ရဲ့ အရိုးသားဆုံးအချိန်ဟာ အချစ်ကိုဖွင့်ဟတဲ့အချိန်ပဲ။ တစ်ခါမေးကြည့်တယ် အဖြေတွေက ရေတွက်လို့မရ အဲဒါအမှန်တွေပ ဒီကဗျာက သူ့စကားလုံးတွေကို ချစ်တယ် ကဗျာနဲ့စာရေးတယ် စာတွေက ကဗျာမဆန်နိုင်တော့ဘူး သို့…….။ မြတ်မင်းခန့်

Read More စကားလုံးများနဲ့ပေးစာ