August Rush

ကြယ်စင်တွေငိုတဲ့သီချင်းသံကို ကြားရတယ် August Rush ကဗျာဆရာတစ်ယောက်မဖတ်တတ်တဲ့ ကဗျာကို ဖတ်နေရတယ် August Rush မင်းရဲ့ မပြီးနိုင်တဲ့ခရီးကို ငါရောက်ခဲ့တယ်။ ငါကိုယ်တိုင် သီချင်းဖြစ်၊ ကဗျာဖြစ် မင်းပြောသလိုပေါ့ ငါတို့အကုန်လုံးက ဂီတပဲ အားလုံးလုပ်ရမှာက အဲဒီဂီတာကို နားထောင်ဖို့ နားထောင်နိုင်စွမ်းရှိဖို့လိုတယ်ဆိုတာ မင်းသင်ပေးခဲ့တယ် August Rush မင်းပြောသလောက်အကုန်မရတာက ငါတို့အပြစ်ပဲ ကဲ August Rush မင်းလည်းခဏနားပါဦးလား။ ။ မြတ်မင်းခန့် August Rush I hear the song That makes the stars cry. Now I am reading a poem That can’t be read by […]

Read More August Rush

သေကြည့်လိုက်

ခင်ဗျား သေဖူးလား ခင်ဗျားကိုယ်ခင်ဗျား သေကြည့်ဖူးသလား အိုနာကျိုးကန်း ဂီလာနဘ၀နဲ့သေမှာလား သေကောင်ပေါင်းလဲ ဝေဒနာနဲ့သေမှာလား on the spot သေသွားမှာလား ဆေးရုံပေါ်မှာ လူအိုရုံမှာ နာတာရှည်ဘ၀နဲ့ သေမှာလား မာရီလင်မွန်ရိုးလို သေမလား ဆီလ်ဗီယာပလပ်လိုသေမှာလား ဒိုင်ယာနာလိုသေမှာလား ကတ်ကိုဘိန်းလိုသေမှာလား မြို့မငြိမ်းလိုသေမှာလား ဂျိမ်း(စ)ဒင်းလိုသေမှာလား ပွတ်ရှကင်လိုသေမှာလား ဆဒမ်လိုသေမှာလား ဂန္ဒီလိုသေမှာလား မာသာထရီဆာလိုသေမှာလား သေကြည့်စမ်း သေကြည့်စမ်း သေကြည့်လိုက်စမ်း…. လမ်းဘေးလဲကျသေဆုံး ပိုင်ရှင်မဲ့အလောင်းကောင်ဘ၀နဲ့သေမလား… နိုင်ငံရပ်ခြားဆေးသွားကုပြီး ကိုယ့်အိမ်ကိုယ့်မြေရောက်မှသေမလား သေကြည့်စမ်း သေကြည့်စမ်း သေကြည့်လိုက်စမ်း ခဏလေးဖြစ်ဖြစ် ကိုယ့်ကိုကိုယ် အလန်းကြီးဘ၀မှာ သေကြည့်လိုက်စမ်းပါ…. ခင်ဗျားသေရင် သေတမ်းစာရေးခဲ့မှာလား ခင်ဗျားရဲ့သေတမ်းစာထဲမှာ ဘာတွေရေးခဲ့မှာလဲ ဘယ်သူတွေကို ဘယ်လိုမှာကြားပြီး ဘယ်လိုအသုဘပွဲမျိုးလုပ်မယ်လို့ စဉ်းစားဖူးလဲ ခင်ဗျားရဲ့ပုံတူပန်းချီကား မောင်ညိုဝင်းရေးပေးမှာလား ရေးပေးမယ်ထင်ထားလား ခင်ဗျားရဲ့ရုပ်ပုံရိုက်နှိပ်ထားတဲ့ တီရှပ်အနက်တွေဝေမှာလား ယပ်တောင်ပေါ်မှာ […]

Read More သေကြည့်လိုက်