စကားလုံးများနဲ့ပေးစာ

ကဗျာတွေကို ရင်ထဲရောက်အောင်

မဖွဲ့တတ်

အရာရာကိုတော့ ရင်ထဲမှာခံစားတာပဲ

သူ့အတွက်၊ ကိုယ့်အတွက်

ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်

“ကျေးဇူးပဲ” ဆိုတာတွေက

ရင်ဘတ်ထဲမှာ မပါသလိုပ

“Sorry, Sorry” အဲဒီစကားတွေက

လူတွင်ကျယ်လုပ်လှပြီလား

စိတ်ထဲမှာ “၀မ်းနည်းပါတယ်ဗျာ” လောက်

အသက်မပါဘူးထင်ရဲ့။

အခုကစပြီး

တွင်တွင်ကျယ်ကျယ်အသုံဲးပြုနေတဲ့

စကားလေးတစ်ခွန်းကို

မပျက်မဆီးပဲ

လေးလေးနက်နက်

စိတ်ထဲကကဗျာနဲ့ထပ်တူတိုင်တယ်လိုက်ပါရဲ့။

လူတစ်ယောက်ရဲ့

အရိုးသားဆုံးအချိန်ဟာ

အချစ်ကိုဖွင့်ဟတဲ့အချိန်ပဲ။

တစ်ခါမေးကြည့်တယ်

အဖြေတွေက ရေတွက်လို့မရ

အဲဒါအမှန်တွေပ

ဒီကဗျာက သူ့စကားလုံးတွေကို ချစ်တယ်

ကဗျာနဲ့စာရေးတယ်

စာတွေက ကဗျာမဆန်နိုင်တော့ဘူး

သို့…….။

မြတ်မင်းခန့်

2 thoughts on “စကားလုံးများနဲ့ပေးစာ

Leave a comment