မကြားလိုက်သော အရေးကြီးကိစ္စ

ဘာမှန်းမသိလိုက်ရဘူး မကြားခြင်းတွေနဲ့ ငါ့နားကိုပိတ်လို့ထားလေပေါ့ တကယ်မကြားလိုက်ရတာပါဗျာ မသိလို့ဆိုပြီး ပြီးဆုံးသွားတဲ့ဘ၀တွေအတွက် ကျွန်တော်ဘာနဲ့လျော်ကြေးပေးဆောင်သင့်လဲ။ အခြေအနေတွေကို သိနားလည်ဖို့ ကိုယ့်နားကိုယ်ပိတ်ထားသူတွေအတွက် ဘယ်လိုပြောလို့ရမယ် မသိမိ သိချင်တဲ့အကြောင်းအရာနောက်က ပိတ်ဆို့ထားတဲ့ ငါ့နားတွေကို ဖွင့်ပေးပါ ငါ့ကိုယ်ငါ အပြင်းအထန်တိုက်တွန်းလည်း…။ မသိချင်တဲ့ကိစ္စအတွက်တော့ ဘယ်တော့မှ ငါ့ဦးနှောက်က အလုပ်လုပ်မှာမဟုတ်ဘူး ငါသိတယ်… ဘယ်တော့မှ ငါသိမိလိုက်တာ ရှိမယ်မထင်ဘူး။    ။ မြတ်မင်းခန့်

Read More မကြားလိုက်သော အရေးကြီးကိစ္စ