ပြည်တော်ဝင်သီချင်းဖြင့် ဖိနပ်ဝယ်သွားခြင်း

ရွှေမန်းဆီသို့ . . . တစ်ခါ…တစ်ခေါက်ပင်…ရောက်စေချင်သည်…ကျုံးတော်ပတ်လည် … ပြမြို့ရိုး… ပြအိုး… ပစ္စင်… ကာရံကာအတည်… မြန်မာစံဌာနီ… သာယာပါဘိသည်…             သာယာမှုသည် လူတစ်ဦးချင်းစီ အမြဲခံစားတတ်သည့် အရာဖြစ်သည်။ လူသားများ၏စိတ်တွင် သာယာမှုနောက်သို့ ကောက် ကောက်ပါအောင်လိုက်ချင်သည့် ဆန္ဒများစွာရှိကြမြဲပင်။ ကျွန်တော့်အဖို့ ယဉ်ကျေးမှုမြို့တော်ကြီး၏ သာယာမှုကို မတွေ့မြင်ရသည်မှာ ၁၁ လ ခန့်ရှိချေပြီ။ ယဉ်ကျေးမှုမြို့တော်ကြီး၏ မြူနှင်းများဝေဆိုင်းနေသည့် မနက်ခင်းအာရုဏ်တက်ချိန်ကို ကျွန်တော်အမှန်တကယ် လွမ်းမိ သည်။ မြို့တော်ကြီး၏ ချမ်းမြေ့သာယာသော ရင်ငွေ့ကို မလှုံရသည်မှာ ကျွန်တော့်အတွက် ချစ်သူ၏ တီတီတာတာ စကားပြောသံကို မကြားရသော ယောက်ျားတစ်ယောက်အဖြစ်နှင့် တူချေပြီ။ ကျွန်တော် မန္တလေးမြို့ကြီးကို ချစ်သည်။ အစွဲအလန်းကြီးသည့် လူများကဲ့သို့ ချစ်ခြင်းမျိုးတော့ မဟုတ်၊ သို့သော် ကျွန်တော့်၏ […]

Read More ပြည်တော်ဝင်သီချင်းဖြင့် ဖိနပ်ဝယ်သွားခြင်း