ငြိမ်းချမ်းရေးအကြောင်း ရုပ်ရှင်ရိုက်တဲ့အခါကျွန်တော်တို့ စဉ်းစားမိတာတွေက

ဒီနှစ်ဇွန်လလယ်မှာ ကျွန်တော်တို့ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းက ဇာတ်ညွှန်းရေးနည်း သင် တန်းဖွင့်မယ်လို့ကြားတော့ ကျွန်တော်လည်း တက်ကြွနေပြီ။ ကိုယ်တိုင်လည်း ရုပ်ရှင်ဝါသနာပါ တာရော၊ ဇာတ်ညွှန်းရေးချင်တာရော၊ ကိုယ်ပြောချင်တဲ့အရာတွေကို လူတွေကို ပြန်ပြောပြချင်တဲ့ စိတ်ရှိတာရောနဲ့ သင်တန်းတက်ရတော့မယ်ဆိုပြီး စိတ်အားထက်သန်နေတယ်။ တကယ်တမ်း သင်တန်းတက်ရတဲ့အခါမှာတော့ ကျွန်တော် စိတ်ကသိကအောက်ဖြစ်သွားတာ တစ်ခုရှိတယ်။ အဲ့တာကတော့ ခေါင်းစဉ်ပဲ။ လူငယ်နဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဇာတ်ညွှန်းတစ်ခု ရေးရမယ်တဲ့။ ခေါင်းစဉ်တွေကို ကျွန်တော်မုန်းနေခဲ့တာ အတော်ကြာခဲ့ပြီ… ငယ်ငယ်က စာစီစာကုန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ။ အဲ့တာတွေ အကုန်မှာ ခေါင်းစဉ်တွေ ရှိတယ်။ ဆေးလိပ် အန္တရာယ်ခေါင်းစဉ်နဲ့ ပန်းချီပြိုင်ပွဲတစ်ခုကို မိတ်ဆွေတို့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ရတယ် ဆိုပါစို့…. အဲ့ဒီအရသာက ဘယ်လိုမျိုးလဲ။ ကျွန်တော်တို့ဆရာမ ရေချယ်ကတော့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး သိပ်ဇီဇာကြောင်တဲ့အထဲမှာ မပါပါဘူး။ သူက […]

Read More ငြိမ်းချမ်းရေးအကြောင်း ရုပ်ရှင်ရိုက်တဲ့အခါကျွန်တော်တို့ စဉ်းစားမိတာတွေက

မနက်နှစ်နာရီတွင် ထသည်

တိတ်ဆိတ်သောည၏ သန်းခေါင်ယံလရောင်သည် လူတစ်ယောက်ကို ခြောက်ခြားမှုများစွာ ပေးစွမ်းနိုင်သည်။ လူကို ခံစားနိုင်မှု အမြင့်ဆုံးသတ္တဝါအဖြစ် သတ်မှတ်ထားကြသည်။ ကျွန်တော့်အနေဖြင့် စကားလုံးတစ်ခုကို ခံစားနိုင်ရန် အဓိပ္ပာယ် သတ်မှတ်ချက်များကို စဉ်းစားလေ့ရှိသည်။ ညဆိုသည့်ဝေါဟာရသည် လူတိုင်းအတွက် အိပ်စက်အနားယူချိန်ဟု သတ်မှတ် ထားခြင်းဖြစ်လိမ့်မည်။ သို့သော် ကျွန်တော်ကိုယ်တိုင်ကမှု အိပ်စက်ခြင်းအား များများစားစား ရှာဖွေတွေ့ရှိခြင်းမရှိ။ ကျွန်တော့် အတွက် အိပ်ပျော်ရန် အတော်ရုန်းကန်ခဲ့ရသော ညများသည်ကား မနဲလှပေ။ ကျွန်တော် အိပ်ပျော်ချင်မိသည်။ ကျွန်တော့် အတွက် အိပ်ပျော်မှုသည် ခဏတာမေ့ပျောက်ခြင်းဆိုသော အချိန်ကာလ အပိုင်းအခြားလေးသို့ ရောက်ရှိမည်ဖြစ်သောကြာင့် အိပ်ပျော်မှုပေးပါ အိုသခင်ဟု ဆုတောင်းမိသည်မှာ အကြိမ်ကြိမ် ပင်ဖြစ်သည်။ အိပ်မပျော်မှုအကြောင်းကို ကျွန်တော် စဉ်းစားမိလျင် ကျွန်တော်၏ စဉ်းစားမှုတွင် အမြဲတမ်း ပါဝင်မည့်သူမှာ ကျွန်တော်ချစ်ရသူ၊ ကျွန်တော်၏ သံယောဇဉ်တန်ဖိုး […]

Read More မနက်နှစ်နာရီတွင် ထသည်

ပြည်တော်ဝင်သီချင်းဖြင့် ဖိနပ်ဝယ်သွားခြင်း

ရွှေမန်းဆီသို့ . . . တစ်ခါ…တစ်ခေါက်ပင်…ရောက်စေချင်သည်…ကျုံးတော်ပတ်လည် … ပြမြို့ရိုး… ပြအိုး… ပစ္စင်… ကာရံကာအတည်… မြန်မာစံဌာနီ… သာယာပါဘိသည်…             သာယာမှုသည် လူတစ်ဦးချင်းစီ အမြဲခံစားတတ်သည့် အရာဖြစ်သည်။ လူသားများ၏စိတ်တွင် သာယာမှုနောက်သို့ ကောက် ကောက်ပါအောင်လိုက်ချင်သည့် ဆန္ဒများစွာရှိကြမြဲပင်။ ကျွန်တော့်အဖို့ ယဉ်ကျေးမှုမြို့တော်ကြီး၏ သာယာမှုကို မတွေ့မြင်ရသည်မှာ ၁၁ လ ခန့်ရှိချေပြီ။ ယဉ်ကျေးမှုမြို့တော်ကြီး၏ မြူနှင်းများဝေဆိုင်းနေသည့် မနက်ခင်းအာရုဏ်တက်ချိန်ကို ကျွန်တော်အမှန်တကယ် လွမ်းမိ သည်။ မြို့တော်ကြီး၏ ချမ်းမြေ့သာယာသော ရင်ငွေ့ကို မလှုံရသည်မှာ ကျွန်တော့်အတွက် ချစ်သူ၏ တီတီတာတာ စကားပြောသံကို မကြားရသော ယောက်ျားတစ်ယောက်အဖြစ်နှင့် တူချေပြီ။ ကျွန်တော် မန္တလေးမြို့ကြီးကို ချစ်သည်။ အစွဲအလန်းကြီးသည့် လူများကဲ့သို့ ချစ်ခြင်းမျိုးတော့ မဟုတ်၊ သို့သော် ကျွန်တော့်၏ […]

Read More ပြည်တော်ဝင်သီချင်းဖြင့် ဖိနပ်ဝယ်သွားခြင်း