မကြားလိုက်သော အရေးကြီးကိစ္စ

ဘာမှန်းမသိလိုက်ရဘူး မကြားခြင်းတွေနဲ့ ငါ့နားကိုပိတ်လို့ထားလေပေါ့ တကယ်မကြားလိုက်ရတာပါဗျာ မသိလို့ဆိုပြီး ပြီးဆုံးသွားတဲ့ဘ၀တွေအတွက် ကျွန်တော်ဘာနဲ့လျော်ကြေးပေးဆောင်သင့်လဲ။ အခြေအနေတွေကို သိနားလည်ဖို့ ကိုယ့်နားကိုယ်ပိတ်ထားသူတွေအတွက် ဘယ်လိုပြောလို့ရမယ် မသိမိ သိချင်တဲ့အကြောင်းအရာနောက်က ပိတ်ဆို့ထားတဲ့ ငါ့နားတွေကို ဖွင့်ပေးပါ ငါ့ကိုယ်ငါ အပြင်းအထန်တိုက်တွန်းလည်း…။ မသိချင်တဲ့ကိစ္စအတွက်တော့ ဘယ်တော့မှ ငါ့ဦးနှောက်က အလုပ်လုပ်မှာမဟုတ်ဘူး ငါသိတယ်… ဘယ်တော့မှ ငါသိမိလိုက်တာ ရှိမယ်မထင်ဘူး။    ။ မြတ်မင်းခန့်

Read More မကြားလိုက်သော အရေးကြီးကိစ္စ

August Rush

ကြယ်စင်တွေငိုတဲ့သီချင်းသံကို ကြားရတယ် August Rush ကဗျာဆရာတစ်ယောက်မဖတ်တတ်တဲ့ ကဗျာကို ဖတ်နေရတယ် August Rush မင်းရဲ့ မပြီးနိုင်တဲ့ခရီးကို ငါရောက်ခဲ့တယ်။ ငါကိုယ်တိုင် သီချင်းဖြစ်၊ ကဗျာဖြစ် မင်းပြောသလိုပေါ့ ငါတို့အကုန်လုံးက ဂီတပဲ အားလုံးလုပ်ရမှာက အဲဒီဂီတာကို နားထောင်ဖို့ နားထောင်နိုင်စွမ်းရှိဖို့လိုတယ်ဆိုတာ မင်းသင်ပေးခဲ့တယ် August Rush မင်းပြောသလောက်အကုန်မရတာက ငါတို့အပြစ်ပဲ ကဲ August Rush မင်းလည်းခဏနားပါဦးလား။ ။ မြတ်မင်းခန့် August Rush I hear the song That makes the stars cry. Now I am reading a poem That can’t be read by […]

Read More August Rush

ကြားညှပ်ခြင်း

အလိပ်လိပ်တက်နေတဲ့ဖုန်တွေကြားထဲမှာ ဘာကိုဘယ်လိုတွေးရမလဲ အသိခက်နေတဲ့နေရက်တွေက ကဗျာဆန်နေပါလား အပြင်ရာသီဥတုမှာ မိုးမပါဘူး ဒါကဆေင်း ဆောင်းသွင်းမိုးကို ငါအလိုမတူဘူး အတူတူပဲဆိုတဲ့အရာတွေကို ငါသာရရှိချင်ခဲ့တာပါ တစ်ခုနဲ့တစ်ခုထပ်လိုက်ရင် ဘာတွေက အစွန်းထွက်မှာလဲ အဖြေသိတဲ့မေးခွန်းတွေ လူတွင်ကျယ်လုပ်သပေါ့ ဘာကဘယ်လိုပြန်ဆက်လို့မရတဲ့ အရာလဲ နာရီသံက တဖြည်းဖြည်းကျယ်လာ အသက်ရှုသံက တဖြည်းဖြည်း ညင်သာလာ လူသားဆန်မှုတွေ ဆိတ်သုဂ်းလေတော့ ဘာကိုဘယ်လိုခွင့်လွတ်မှာလဲ ကဲ ဘာကိုဘယ်လို ခွင့် ပြု မှာ လဲ အပိုလိုချင်တဲ့ ဈေးဝယ်သူလိုမေးမယ် ခင်ဗျားကြားလိုက်လား မနေ့ကအကြောင်း တစ်နေ့ကအကြောင်း အဲဒီ မသိချင်းထဲက သိမှုကို။            ။ မြတ်မင်းခန့်

Read More ကြားညှပ်ခြင်း

စကားလုံးများနဲ့ပေးစာ

ကဗျာတွေကို ရင်ထဲရောက်အောင် မဖွဲ့တတ် အရာရာကိုတော့ ရင်ထဲမှာခံစားတာပဲ သူ့အတွက်၊ ကိုယ့်အတွက် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် “ကျေးဇူးပဲ” ဆိုတာတွေက ရင်ဘတ်ထဲမှာ မပါသလိုပ “Sorry, Sorry” အဲဒီစကားတွေက လူတွင်ကျယ်လုပ်လှပြီလား စိတ်ထဲမှာ “၀မ်းနည်းပါတယ်ဗျာ” လောက် အသက်မပါဘူးထင်ရဲ့။ အခုကစပြီး တွင်တွင်ကျယ်ကျယ်အသုံဲးပြုနေတဲ့ စကားလေးတစ်ခွန်းကို မပျက်မဆီးပဲ လေးလေးနက်နက် စိတ်ထဲကကဗျာနဲ့ထပ်တူတိုင်တယ်လိုက်ပါရဲ့။ လူတစ်ယောက်ရဲ့ အရိုးသားဆုံးအချိန်ဟာ အချစ်ကိုဖွင့်ဟတဲ့အချိန်ပဲ။ တစ်ခါမေးကြည့်တယ် အဖြေတွေက ရေတွက်လို့မရ အဲဒါအမှန်တွေပ ဒီကဗျာက သူ့စကားလုံးတွေကို ချစ်တယ် ကဗျာနဲ့စာရေးတယ် စာတွေက ကဗျာမဆန်နိုင်တော့ဘူး သို့…….။ မြတ်မင်းခန့်

Read More စကားလုံးများနဲ့ပေးစာ

စစ်သားများနှင့်သူ၏မိသားစု

စစ်ဆိုတာကဘာလဲ ဖအေပျောက်တဲ့ကလေး၊ ကလေးပျောက်တဲ့ဖအေ။ သေနတ်နဲ့အသက်ကိုပျောက်သွားတဲ့စစ်သားတွေ အမေရိကန်စစ်သားတို့အိမ်အပြန်က အော်စကာမှာ တစ်ပြေးနေပြီ ဆင်ရိုက်ထားတာမဟုတ်ဘူး၊ စာရေးဆရာရဲ့လက်ရာမဟုတ်ဘူး၊ သရုပ်ဆောင်တဲ့လူတွေက သရုပ်တူအောင်မလုပ်ဘူး ဒါရိုက်တာကတော့ အီရတ်စစ်ပွဲပေါ့။ မျက်ရည်တွေကျလိုက်တာ ရင်ထဲမှာစို့နေတာပဲ။ စစ်ပွဲပြီးလို့လား မပြီးသေးပေမယ့် ပြန်လာတဲ့စစ်သားတွေကို ကျွန်တော်ဒီကဗျာနဲ့ ကြိုဆိုလိုက်ပါတယ် မင်နိုင်ငံကမင်းအတွက်ဂုဏ်ယူနေမှာပါပဲ။ မြတ်မင်းခန့် အမေရိကန်စစ်သားများအတွက်

Read More စစ်သားများနှင့်သူ၏မိသားစု

အပြားခတ်ခြင်း

နာရီကို သံပတ်ပေးသလို ငါ့ဘ၀ကို သံပတ်ပေးခံခဲ့ရ။ ပရိုဂရမ်ထဲက looping လား သံသရာလား မသိတဲ့ငါက မသုံးနိုင်တဲ့ပစ္စည်းတွေကို တီထွင်တဲ့ သိပ္ပံပညာရှင်တွေကိုသနား။ နျူကလိယားကို ထုတ်လုပ်၊ ရောင်းချနေတဲ့နိုင်ငံတွေ AIDS အတွက် ဆေးရှာနေတဲ့ ဆရာဝန်တွေ၊သိပ္ပံပညာရှင်တွေ ပြီးတော့……… Financial crisis ထဲကျရောက်သွားတဲ့ စီးပွါးရေးပါရဂူတွေ ပရိတ်သတ်ကို အမြဲပေးဆပ်နေတယ်ဆိုတဲ့ အောင်မြင်မှုအရှိဆုံး စီးပွါးရေးသမားတွေ အဲဒီလူတွေနဲ့ ကျန်လူမျိုးတွေအားလုံးကို ဂလိုဘယ်လိုက်ဇေးရှင်မပြောနဲ့ အချိန်နဲ့တစ်ပြေးညီ ၀မ်းဝဖို့လုပ်နေတဲ့ ကျွန်တော်က အားနာနေမိ။ ဘာတဲ့ . . . စီးပွါးပျက်ကပ်ကို မခံနိုင်တဲ့ ဂျာမာန်သူဋ္ဌေးခေါင်းက မြို့မငြိမ်းရဲ့ခေါင်းထက် ပိုပျော့တယ် အဲဒီစီးပွါးပျက်ကပ်ထဲမှာပဲ ကလေးရော၊ ဇနီးနဲ့ မိမိကိုယ်ကိုပါ သေနတ်နဲ့ ပစ်ပြီးသေတဲ့ သူဋ္ဌေးနဲ့ သူ့မိန်းမက ရိုမီယိုနဲ့ ဂျူးလီယက်ဆိုလား ကမ္ဘာကြီး […]

Read More အပြားခတ်ခြင်း

အဖြူရောင်မြို့တော်

နေကောင်းလားလို့မမေးခင် ကောင်းကောင်းနေရဲ့လားလို့မေးမိ ခင်ဗျားဘ၀ထဲဝင်ဖို့ ခင်ဗျားမှာ password ရှိလား။ ဂုဏ်ယူပါတယ် ကဗျာတွေကိုများများမဖွဲ့ချင်ဘူး ကိုယ့်ဘ၀ကိုယ်တောင် ထိုင်ခုံမဲ့နဲ့လိုက်ပါနေရ။ ကိုရီးယန်းတွေလို အော်ဟစ်ကြည့်ဖို့ ပင်လယ်ကို ကျွန်တော်မတွေ့ခဲ့ဘူး။ အရက်သမားတွေအံဖတ်နဲ့ အဖြူရောင်မြို့တော်ကို အသက်သွင်းခဲ့ကြ ကမ္ဘာကြီးကိုအပိုင်ရဖို့ ခင်ဗျားတို့ချောင်းနေချိန်မှာ အဲဒီအဖြူရောင်မြို့ပေါ့ လောက်လမ်းတစ်ကောင်လို ကျွန်တော့်ကို ထွေးထုတ်ခဲ့တယ်။ မြတ်မင်းခန့် စိစစ်ရေးမလွတ်သဖြင့် မဟေသီ ဇွန်လ၊ ၂၀၁၀တွင်စာရွက်ဖြဲခံရ စိစစ်ရေးက Fashion Magazine မှာလည်း ဇူလိုင်လ၊၂၀၁၀ တွင်စာရွက်ဖြဲခဲ့သည်။

Read More အဖြူရောင်မြို့တော်

အရိပ်မဲ့ပုံရိပ်များ

ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုပေမယ့် ကျွန်တော်ကအဲလိုမဟုတ်ခဲ့ဘူး။ ရေငွေ့ရိုက်နေတဲ့စက္ကူကို စက်ထဲထည့်သလို ကျွန်တော့်ဆာလောင်မှုအပေါ်ချတဲ့ဆေးစက်တွေက ရေပေါ်မှာရေနဲ့ရေးတဲ့ အရုပ်သာဖြစ်ရဲ့။ ချွေးစက်တွေ၊ သွေးစက်တွေ ပါရမီနဲ့ဝဋ်ကြွေးတွေ ဘ၀များစွာပေးဆပ်ခဲ့လည်း ညဟာညအဖြစ်ရှိနေဆဲပဲ။ မြတ်မင်းခန့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၉

Read More အရိပ်မဲ့ပုံရိပ်များ

ဗိုင်းရပ်(စ်)

ညည်းချင်းတော့မဟုတ်ဘူး ကဗျာရေးနေတာ သမိုင်းမကျန်မယ့်မင်းရဲ့အကြောင်းကို အလိုင်းမင်းတွေ မချိန်ချင်တော့ဘူး၊ သြော် အနိစ္စတဲ့ ရှိတယ်၊ ဖြစ်တယ်၊ ပျက်တယ် ဘာမှကြာကြာမခံဘူး။ ဒီလိုနဲ့ ဘ၀တွေက လော့ဂျစ်တွေအောက်,အောက်လာတယ်။ ပုံမှန်လည်ပတ်လို့ရတဲ့ ပရိုဂရမ်တောင် Error ရှိတာပဲ မင်းရေးတဲ့ပရိုဂရမ်က လှလှပပရှိတဲ့ ဒုက္ခတွေကို လွမ်းဆွတ်အောက်မေ့စေခဲ့တယ်။ မြတ်မင်းခန့် Fashion Magazine, July 2009

Read More ဗိုင်းရပ်(စ်)