စစ်သားများနှင့်သူ၏မိသားစု

စစ်ဆိုတာကဘာလဲ
ဖအေပျောက်တဲ့ကလေး၊
ကလေးပျောက်တဲ့ဖအေ။
သေနတ်နဲ့အသက်ကိုပျောက်သွားတဲ့စစ်သားတွေ
အမေရိကန်စစ်သားတို့အိမ်အပြန်က
အော်စကာမှာ တစ်ပြေးနေပြီ
ဆင်ရိုက်ထားတာမဟုတ်ဘူး၊
စာရေးဆရာရဲ့လက်ရာမဟုတ်ဘူး၊
သရုပ်ဆောင်တဲ့လူတွေက သရုပ်တူအောင်မလုပ်ဘူး
ဒါရိုက်တာကတော့ အီရတ်စစ်ပွဲပေါ့။
မျက်ရည်တွေကျလိုက်တာ
ရင်ထဲမှာစို့နေတာပဲ။
စစ်ပွဲပြီးလို့လား မပြီးသေးပေမယ့်
ပြန်လာတဲ့စစ်သားတွေကို
ကျွန်တော်ဒီကဗျာနဲ့ ကြိုဆိုလိုက်ပါတယ်
မင်နိုင်ငံကမင်းအတွက်ဂုဏ်ယူနေမှာပါပဲ။

မြတ်မင်းခန့်
အမေရိကန်စစ်သားများအတွက်

One thought on “စစ်သားများနှင့်သူ၏မိသားစု

  1. အစ်ကို့ကဗျာတွေအားလုံးပဲ..အရမ်းကောင်းတယ်..မိုးကကဗျာဆိုအရမ်းဝါသနာပါပါတယ်..ကိုယ်တိုင်လည်းရေးဖြစ်ပေမယ့်…အစ်ကို့ကဗျာတွေကိုဖတ်မိတော့မိုးရေးထားတာတွေကပေါ့လွန်းနေတယ်..

Leave a comment