ဒီကဗျာမှာ

ဒီကဗျာမှာ
ဗီတာမင် ၁၂မျိုး
သတ္ထုဓာတ် ၈မျိုး
လိုင်ဆင်းဓာတ်တွေမပါပါ

ဒီကဗျာမှာ
မကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်
အနိုင်မရခဲ့တဲ့ အယူခံကိစ္စတွေမပါပါ

ဒီကဗျာမှာ
ကိုယ့်ကိုယ်ကိုယ်ရှာဖွေခဲ့တဲ့
အရသာ နည်းနည်းပါးပါးသာ။       ။

ကြည်မောင်သန်း
တိုနန့်နန့် ကဗျာ စာအုပ်မှ

Leave a comment